ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်ပျံ့နှံ့ရောဂါ ကာကွယ်ရန်အတွက် မိုးညှင်းဒီဂရီကောလိပ်မှ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ စီမံ ဌာနများမှ တာဝန်ရှိသူများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုအဖြစ် မတ် ၁၈ရက် နံနက်ပိုင်းမှစတင်ပြီး (Mask)များ လက်ဆေးဆပ်ပြာရည်နှင့် လက်သန့်ဆေးရည်များကို စာမေးပွဲခန်းကြီးကြပ်ဆောင်ရွက်မည့် ဆရာ၊ ဆရာမများ၊ စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် အထောက်အကူပြု စီမံဝန်ထမ်းများ အသုံးပြုနိုင်ရန်အတွက် မေးခွန်းနှင့်အဖြေလွှာထုတ်ပေးသည့်အခန်းများ၊ စာဖြေခန်းများနှင့် သန့်စင်ခန်းတို့တွင် ဖြန့်ဝေဆောင်ရွက်ပေးထားလျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများကို အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


