Mohnyin University

ရည်မှန်းချက် နှင့် မျှော်မှန်းချက်

မျှော်မှန်းချက်

  • ကချင်ပြည်နယ်၊ မိုးညှင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်သော အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်တစ်ခု ပေါ်ပေါက် လာစေရန် မျှော်မှန်းသည်။

ရည်မှန်းချက်

  • သင်ကြားရေးသာမက ဘာသာရပ်နှင့်ဆက်နွယ်သော သုတေသနများကို အကောင် အထည်ဖော်ဆောင်ရွက်ရန်
  • သင်ကြားရေးနှင့် သုတေသနအတွက် လိုအပ်မည့် သင်ထောက်အကူပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်
  • ကျောင်းသား ကျောင်းသူများကို သင်ကြားရေးသာမက သုတေသနကို စိတ်ဝင်စားလာ စေရေးအတွက် စည်းရုံးဆောင်ရွက်ရန်
  • ကျောင်းတွင်းလှုပ်ရှားမှုများ၊ အားကစားယှဉ်ပြိုင်မှုများ လုပ်ဆောင်စေခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော နိုင်ငံသားကောင်းများ ဖြစ်လာစေရေးအတွက် ပြုစုပျိုးထောင်ပေးရန်
  • ကျောင်းသား ကျောင်းသူများအား အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာစေရေး အတွက် အခွင့်အလမ်းကောင်းများ ရှာဖွေဖန်တီးပေးရန်
  • ဒေသအကျိုးပြုသုတေသနများ ဆောင်ရွက်ရေးအတွက် ပြည်တွင်း ပြည်ပတက္ကသိုလ် များနှင့်ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်ရန်
  • ဒေသဆိုင်ရာ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်သော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်ပေါ်လာအောင် ကျောင်းသား ကျောင်းသူများကို လေ့ကျင့်သင်ကြား ပျိုးထောင်ပေးရန် ရည်မှန်းသည်။