Mohnyin University

ဖွဲ့စည်းပုံ

(၁)   သင်ကြားရေးဌာနများ

                     မိုးညှင်းဒီဂရီကောလိပ်ကို အောက်ပါဘာသာရပ်(၁၂)ခုဖြင့် ဖွဲ့စည်းထားပါသည်။ ဝိဇ္ဇာဘာသာရပ်ဌာနများအဖြစ် မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန၊ ပထဝီဝင်ဌာန၊ သမိုင်းဌာန၊ ဒဿနိကဗေဒဌာန၊ အရှေ့တိုင်းပညာဌာနနှင့် သိပ္ပံဘာသာရပ်ဌာန များအဖြစ် ဓာတုဗေဒဌာန၊ ရူပဗေဒဌာန၊ သင်္ချာဌာန၊ သတ္တဗေဒဌာန၊ ရုက္ခဗေဒဌာန၊ ဘူမိဗေဒဌာနများပါဝင်ပါသည်။

              *      လက်ရှိအခြေအနေတွင် ဘာသာရပ်ဌာန(၁၂)ခုဖြင့် ဖွဲ့စည်းထားသော်လည်း နောင်တွင် ဒီဂရီကောလိပ်မှ တက္ကသိုလ်အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ပေးမှုအခြေအနေအရ မဟာဌာနကြီးများအဖြစ် ဘာသာရပ်များ တိုးချဲ့ဖွဲ့စည်းပြီး ပြောင်းလဲဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

(၂)    စီမံခန့်ခွဲရေးဌာနများ

                     မိုးညှင်းဒီဂရီကောလိပ်တွင် စီမံခန့်ခွဲရေးဌာနများအဖြစ် စီမံရေးရာဌာန၊ ဘဏ္ဍာ ရေးရာဌာန၊ သင်တန်းရေးရာဌာန၊ အားကစားဌာန၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက် ရေးဌာန၊ အဝေးသင်ဌာန၊ စာကြည့်တိုက်ဌာနများအပြင် တက္ကသိုလ်အဖြစ် တိုးမြှင့်ဖွင့် လှစ်ခွင့်ရရှိပါက နိုင်ငံတကာနှင့် သုတေသနပူးပေါင်းဆောင်ရွက်ရေးဌာနပါ တိုးချဲ့ ဖွဲ့စည်းပါမည်။